Thursday, July 1, 2010

ခေါက်ဆွဲကြော်+ အချဉ်သုတ်

အသားကို သေးသေးတုံးပြီး ပြုတ်ကြော်လုပ်ထားတယ်။
အသီးအရွက်တွေ ရေဆေးပြီး လှီးဖြတ်ထားတယ်။
ကြက်သွန်နီတစ်ခြမ်းကို ပါးပါးလှီးထားတယ်။
ခေါက်ဆွဲကို ပဲငံပြာရည် အကြည်၊ အနောက်၊ ဆား၊ အချိုမှုန့်တို့နဲ့ နယ်ထားတယ်။ကြက်ဥကို အပြားလေးကြော်ပြီး ပြန်ဆယ် အစိပ်တွေ စိပ်ထားတယ်။
စကြော်ပါပြီ။ ဒယ်အိုးထဲ ဆီထည့်၊ ဆီပူရင် လှီးထားတဲ့ ကြက်သွန်နီထည့်၊ ကြက်သွန်နွမ်းရင် အသီးအရွက်တွေထည့် အသားထည့် ၊ အသီးအရွက်တွေ နည်းနည်း နွမ်းရင် နယ်ထားတဲ့ ခေါက်ဆွဲဖတ်တွေထည့်၊ သမအောင်မွှေ၊ နောက်ဆုံးမှာ ကြက်ဥကြော်ထည့်။
အချဉ်သုတ်အတွက်၊ ကြက်သွန်နီ၊ဂေါ်ဖီထုတ်၊ ငရုတ်သီးတောင့်တို့ကို ပါးပါးလှီး၊ သံပုရာရည်ညှစ်၊ ဆားထည့် သမအောင်နယ် ။

လက်စွဲတော် သူငယ်ချင်းများ

အိမ်ပြောင်းတုံးက အသစ်ဝယ်ထားတဲ့ ငရုပ်ဆုံနဲ့ မီးဖိုလေးပါ။ ကျွန်မရဲ့ လက်စွဲတော်တွေပေါ့။ :P

Wednesday, June 30, 2010

အချစ်ဆုံးအတွက်ဟင်းတစ်ခွက်

မီးဖိုချောင်နဲ့ မနီးစပ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ အိမ်ရှင်မဖြစ်လာတဲ့အခါ ချစ်သူကို ကောင်းကောင်းစားစေချင်တဲ့စေတနာနဲ့ ကြိုးစားပြီးချက်ထားတဲ့ ဟင်းလေးတွေကို မှတ်တမ်းတင်ထားတာပါ။